Monday, February 29, 2016

နည်းပညာစာအုပ်များ

ကျွန်တော် စုဆောင်းထားတဲ့ စာအုပ်တွေထဲက အကောင်းဆုံးစာအုပ်များကိုအောက်ပါရယူနိုင်ပါတယ်။

၁. မြန်မာ Unicode Font စာလုံးများအားလေ့လာခြင်း

 Download

၂. Android Programming ရဲ့ အကောင်းဆုံးအခြေခံစာအုပ်

Download 

၃.  Android Programming ရဲ့ အကောင်းဆုံးအဆင့်မြင့်သင်ခန်းစာများစာအုပ်

Saturday, February 27, 2016

Phone Hardware ပစ္စည်းများကိုလေ့လာခြင်း

Phone Printed Circuit Board ပေါ်မှာအသုံးပြုထားတဲ့ ပစ္စည်းများအကြောင်းကို တစ်ခုချင်းစီးတင်ပြထားပါတယ်။

1. Capacitor
Capacitor မပါတဲ့ Circuit Board ဆိုတာမရှိသလောက်ဖြစ်အောင် Capacitor ဆိုတာအရေးကြီးဆုံးသော Electronic ပစ္စည်းဖြစ်ပါတယ်။ Capacitor အမျိုးအစားပေါင်းမြောက်များစွာရှိပါတယ်။ နည်းပညာထွန်းကားတဲ့ နိုင်ငံအတွက်သူတို့လိုချင်တဲ့ ပုံစံကို ကိုယ်ဘာနဲ့ကိုထုတ်လုပ်ထားကြတာကြောင့် နည်းပညာအားနည်းတဲ့ကျွန်တော်တို့အဖို့ အရှူးလုပ်ခံနေရတာပါ။ ဒါပေမယ့် Capacitor ဆိုတဲ့အရာကို အခြေခံသဘောတရား ၄ချက် ၅ချက်လောက်သိထားရင် လုံလောက်ပါတယ်။ ကျွန်တော်ကတော့ Phone Circuit မှာ အသုံးပြုတဲ့ Capacitor တွေအကြောင်းပဲတင်ပြမှာပါ။

ရေပင်နှုတ်သီးခေါင်းကရေထွက်တာတော့သင်မြင်ဖူးမှာပါ။ တစ်ခါတစ်ရံ လေခိုနေတဲ့ရေပိုက်ကထွက်လာတဲ့ရေတွေတစ်ဆက်တည်းကျလာတာမဟုတ်ပဲ ဗလွတ်ဗလွတ်ဆိုပြီးတော့ ထွက်လိုက်ရပ်လိုက်နဲ့ဖြစ်နေတာပေါ့နော်။ Electric Current လျှပ်စစ်စီးကြောင်းလည်း ဒီအတိုင်းပဲဗျ။ သူကို ထွက်လိုက်ရပ်လိုက်မဖြစ်အောင်ငြိမ်ငြိမ်မှန်မှန်လေးစီးသွားသောအောင် သူ့လမ်းကြောင်းမှာ Capactior လေးတွေခံထားပေးရတယ်။ ပျက်နေတဲ့ဖုန်းတစ်ချို့မှာ အသံမကြားတစ်ချက်ကြားတစ်ချက်ဖြစ်တာကို ကြုံဖူးမယ်။ Network မိတစ်ချက်မမိတစ်ချက်ဖြစ်တာမျူိးလည်းကြုံရမယ်။ Display Screen အလင်းတွေ မှိန်သွားလိုက်ပုံမှန်ပြန်ဖြစ်လိုက်တွေကြုံဖူးမယ်။ ဒါဆို အထက်ကတင်ပြခဲ့တဲရေပင်သဘောတရားလိုပေါ့။ ဆိုင်ရာ Circuit ပတ်လမ်းမှာတပ်ဆင်ထားတဲ့ Capacitor လေးတွေ ပျက်စီးနေတဲသဘေားဆိုတာ သင်သိလောက်မယ်ထင်ပြီး။ လူပိန်းမှတ်နည်းကတော့ Capacitor ဆိုတာ Current(A), Frequency(Hz), Votage(V) တွေကို ထစ်ငေါ့မူမရှိအောင် တစ်ပြေးညီအချိန်တိုင်းစီးဆင်းနေအောင်တပ်ဆင်ထားတယ်ဆိုတာသိရင်ရပြီး။

1. SMD Ceremic Capacitor

Ceramic Multilayer Capacitors တွေကို Phone Printed Circuit Board ရဲ့နေရာတိုင်းမှာ တပ်ဆင်ထားပါတယ်။

2.SMD Network Capacitor


SMD Network Capacitor များကို အထွက်ဗိုအားများများသုံးသော Circuit လမ်းကြောင်းများတွင် အသုံးပြုလေ့ရှိသည်။ ဥပမာ Display Screen Connector တွေနဲ့ Touch Screen Connector ပတ်လမ်းများတွင်သိသာထင်ရှားသည်။ အရောင်များမှာ Gold, Brown, Blue, Black, White စသည်ဖြင့်ရှိတက်ကြသည်။

3. SMD Ploarity Tantalum Capacitor


Tantalum CApacitor တွေကိုတော့ Keypad Phone တွေမှာအများဆုံးသုံးပြီးတော့ Tablet တွေမှာလည်း အနည်းငယ်သုံးကြတယ်။ Touch Screen ဖုန်းတွေမှာတော့ အရွယ်အစားပိုငယ်တဲ့ Capacitor တွေသာသုံးလာကြတယ်။ Tantalum Capacitor တွေဟာ တော်တော်လေးထူတာကြောင့် ပါးလွာတဲ့ Touch Screen Phone တွေမှာအသုံးနည်းလာပါတယ်။ အများအားဖြင့် Battery Connector နားနဲ့ Charging ပတ်လမ်းကြောင်းပေါ်မှာ တွေ့ရတာများပါတယ်။ သတိထားရမှာ ဒီ Capacitor တွေမှာ + and - ဘက်တွေပါပြီး အပေါင်းဆိုအပေါင်းဘက်နဲ့ အနုတ်ဆိုအနုတ်ဘက်မှန်အောင်တင်ဆင်ထားမှာလမ်းကြောင်းမှာ လျှပ်စစ်စီးမှာမပါ။ ဘက်မှားတပ်မိရင် သူလမ်းကြောင်းမှာကြရောက်နေတဲ့ပစ္စည်းများကို လောင်ကျွမ်းပျက်စီးသွားစေနိုင်ပါတယ်။ အရစ်ကြောင်းပါတဲ့ဘက် + ဖြစ်တယ်။

smd tantalum capacitor polarity





ဆက်ရေးသားနေပါသည်..............

Phone Repair Tools

Phone service သမားတစ်ယောက်အတွက် လိုအပ်တဲ့ Phone Repair Tools များအကြောင်းကိုတစ်ခုဆီရှင်းပြပေးထားပါတယ်။

1. Screwdriver, Openers, Tweezers

Phone ပျက်ပြီးဆိုတော့ Phone ကိုဖွင့်ကြည့်ရမှာပေါ့နော်။ ဒါကြောင့် Phone ကိုဖွင့်ခွာဖို့ဆိုတော့ Phone Body Cover တွေကို ၀က်အူနဲ့ရစ်ပိုက်ထားတယ်လေ။ အဲဒီ ၀က်အူ(Screw) ကို လှည့်ဖြုတ်ဖို့ သင့်ဆီမှာ Screw Driver လို့ခေါ်တဲ့ ကျောက်လှည့်တော့အရင်ဦးဆုံးအသုံးပြုရမှာဖြစ်ပါတယ်။ Screws တွေဖြုတ်ပြီးရင် Body Cover ကိုဖွင့်ခွါရမှာပေါ့နော်။ လက်သည်းကောင်းရင်တော့အဆင်ပြေပါတယ်။ ဒါမှမဟုတ် Opener လို့ခေါ်တဲ့ ဂစ်တာတီးသမားတွေသုံးတဲ့ အပြားနဲ့တူတဲ့ ၃ ဘက်ချွန် တြိဂံပြားသော်လည်းကောင်း ကလော်တံချောင်းသော်လည်းကောင်းအသုံးပြုရပါတယ်။ (သံကလော်တံများကို အသုံးအပြုသင့်ပါ)။ တစ်ခါတစ်လေ Mic တွေနဲ့ Camera စသည်အရာများကို Cover ခွာနေစဉ် Tweezers ခေါ်ဇာကနာများကို သုံးရပါသည်။

2. PCB Cleaner Liquid
 ပျက်လို့လာပြင်သော Phone တော့တော့များများတွင် သူတို့ PCB စက်ပြားဘုတ်မှာ သဲ့မှုန်ချေးများဖြင့်ညစ်ပေနေတတ်ပါသည်။ ထိုအခါ PCB စက်ပြားဘုတ်ပေါ်မှာတပ်ဆင်ထားတဲ့ အရာတွေကို ကောင်းစွာမမြင်ရခြင်း။ ထိုချေးအညစ်အကြေးများကြောင့် Phone များ ပျက်စီးနေတတ်ပါသည်။ ထိုကြောင့် PCB စက်ပြားကို သန့်ရှင့်းရေးလုပ်ရန် Acid ပျော့တစ်မျိုးဖြစ်သည့် Altrasonic Cleaning Liquid အရည်များကို သွားတိုက်တံဖြင့်ပွတ်သပ်ဆေးကြောပေးခြင်းဖြင့်သော်လည်းကောင်း Altrasonic Clenaer Pot ပေါင်းအိုဖြင့်သော်လည်းကောင်း ပေါင်းပြုတ်၍သန့်ရှင်းရေးလုပ်ရပါသည်။ Altrasonic Liquid ကို မြန်မာပြည်တွင် သံဗူးများဖြင့်သာတင်သွင်းရောင်းချလေ့ရှိပြီး ဈေးနုန်း ၄၀၀၀ ၀န်းကျင်းရှိသည်။

3. Telescope and Len


Phone Circuit Board ပေါ်တွင်တပ်ဆင်ထားသော capacitor, resistor, coil စသည့်ပစ္စည်းများသည် အလွန်တရားမှပင်သေးငယ်သောကြောင့် မျက်စိအားမကောင်းသူအတွင် အကြီးချဲ့နိုင်သော မှန်ဘီးလူးများလိုအပ်ပါသည်။ အဆ ၁၀ ဆ ချဲ့နိုင်သော ကျောက်ကြည့်မှန်ဘီးလူးများကို ၆၀၀၀ ကျပ် ၀န်းကျင်ဖြင့် ၀ယ်ယူနိုင်သည်။

4. Soldering Tools



Phone ပြုပြင်ရာတွင် ခဲဆော်ခြင်း၊ ခဲဖြုတ်ခြင်းများပြုလုပ်ရန်အတွက် Tool (၂) မျိုးကိုသုံးကြပါတယ်။ တစ်မျိုးမှာ Slodering Stick Gun လို့ခေါ်တဲ့ တွေ့နေကျတုတ်တံလိုမျိုးဖြစ်ပြီး၊ နောက်တစ်မျိုးမှာတော့ Hot Air ကို မှုတ်ထုတ်ပေးတဲ့ Hot Air gun အမျိုးအစားပဲဖြစ်တယ်။ Hardware သမားတစ်ယောက်အတွက် မိမိအသုံးပြုမယ် Soldering Gun များရဲ့အပူချိန်ကို ပိုင်နိုင်ကျွမ်းကျင်ရပါမယ်။ Soldering Gun များသည် Two in One သော်လည်းကောင်း တစ်မျိုးစီသော်လည်းကောင်း ၀ယ်ယူနိုင်ပါသည်။ မြန်မာပြည်အတွက်တော် အ၀င်လျှပ်စစ်အားမကောင်းသောကြောင့် Two in One ကို မသုံးသင့်ပါ။ PCB ပေါ်မှ ပစ္စည်းများအားလုံးသည် အများအားဖြင့် အပူချိန် ၂၅၀ C မှ ၄၅၀ C ထိ ခံနိုင်ရည်ရှိအောင်ထုတ်လုပ်ထားတတ်ကြပါတယ်။ ပလပ်စတစ် ပစ္စည်းများဖြစ်ကြသော Sim Connector, Battery Connector, Touch Screen Connector, Display Screen Connector, Camer Connector, Earpiece Connector များကို Hot Air Gun ဖြင့်ပင်ဖြုတ်တပ်လုပ်နိုင်ပါသည်။ ထိုးပစ္စည်းများသည် ပလပ်စတစ်ပစ္စည်းများပင်ဖြစ်သော်လည်း Temperature 200 C မှ ၃၀၀ အတွင်း စက္ကန့်် ၃၀ ကျော်ကျော်အတွင်းကောင်းစွာခုံနိုင်ရည်ရှိပါသည်။ စာရေးသူတော့ 250 C ဖြင့်ဖြုတ်တပ်လုပ်ပါသည်။လေပြင်းအားကို အနည်းဆုံးသုံးတာကပိုသင့်တော်ပါသည်။

5. ခဲခွေ၊ ခဲအဆီ(အရည်)၊ ခဲရှင်းကြေးခွေ၊ ထင်ရှူးဆီ၊ PCB ညှပ်ခုံး၊ ဆက်ကြိုး(Jumper Wire)


အပိုတွေတော့သိပ်မတင်ပြတော့ဘူးနော်။ ခဲဆီကို ကိုတော့် Hot Air Gun နဲ့ soldering လုပ်ရာမှာသုံးတာပါ။ ခဲရှင်းကြေးခွေကို ခဲရှင်းတဲ့နေရာမျာ ထင်းရှူးဆီကို ဖြုတ်မဲ့ပစ္စည်းနားသုတ်လိမ်းထားပြီးအသုံးပြုပါတယ်။ soldering လုပ်ရာများ ထင်းရှူးဆီသိပ်မလိုအပ်သော်လည်း၊ IC ဖြုတ်တပ်ရာတွင်လည်းကောင်း၊ ပလပ်စတပ်ပသည်းများကို ဖြုတ်တပ်ရာတွင်လည်းကောင်း၊ ခဲရှင်းရာတွင်လည်းကောင်း ထင်းရှူးဆီကို အိုင်ထွက်နေအောင်များစွားအသုံးပြုပေးရပါတယ်။ ဆီထဲမှာမြုတ်နေတဲ့ပစ္စည်းသည် အပူဒဏ်ကိုပိုခံနိုင်ရည်ရှိနေပါတယ်။